မြိတ်မြိုတွင် မီးထိန်းစက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလန့်မှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့ နောက်လယ်ရပ်ကွက်(၁)လမ်းရှိ ဦးထွေးဝေ ပိုင်ဆိုင်သော အလျား (၄၀)ပေ၊ အနံ(၅၀)ပေ အုတ်ကာ၊ ကွန်ဂရစ်ခင်း၊ တစ်ထပ်(ထပ်ခိုးပါ) OK ဆန်အရောင်းဆိုင်တွင် အောက်တို ဘာလ(၉)ရက် နံနက်(၆)နာရီခန့်က မီးထိန်းစက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလန့်မှုဖြစ်ပွားခဲ့
နမ့်ခမ်း ၊ တာချီလိတ်၊ မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီက နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-ဟိုဆိုင်းကူးတို့ဆိပ်လမ်း၊ ဟိုဆိုင်းကျေးရွာအဝင်လမ်းပေါ်တွင် ရီအုန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၇၆ ပြား သိမ်းဆည်းရမိခဲ့သည်။
တောင်ကြီး-ဟိုပုံးသွားလမ်းဘေး TBG စက်သုံးဆီဆိုင်တွင် ပီပါအလုံး ၂၀ ဆီဖြည့်သွင်းစဉ် မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံကြီးရပ်ကွက် တောင်ကြီး-ဟိုပုံးသွားလမ်းဘေး TBG စက်သုံးဆီဆိုင်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပီပါအလုံး ၂၀ အား ဆီဖြည့်သွင်းစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးရန်ပြုလာသည့် ယာဉ်အား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ် ဖမ်းဆီးစဉ် စိတ်ကြွဆေး ၂၂ ပြားနှင့် ကျွန်းသစ်ခွဲသား ၃ တန်ဖမ်းဆီးရမိ
ပဲခူးမြို့ ဥဿာမြို့သစ်၌ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးပြီး ------
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဒုဋ္ဌဝတီမြစ်ကမ်းဘေး တောင်ကိုင်းချောင်ဆိပ်မှ စက်လှေတစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသား ၄၄ တန်ကျော်သိမ်းဆည်းရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းအား နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။