တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်(၅)စီး ဆင့်တိုက်မှုဖြစ်ပွား

ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းအတိုင်း ပါရမီကားဝန်းဘက်မှ ဘေလီမီးပွိုင့်ဘက်သို့ မြောက်ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ...
ဆီဆိုင်၊ ဟိုပုံးနှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းခင်းများ တွေ့ရှိဖျက်ဆီး
ဆီဆိုင်မြို့နယ်၊ ပန်အွန်းကျေးရွာတောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်တွင် အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၅)ဧကခန့်အား တွေ့ရှိဖျက်ဆီး ရှင်းလင်းခဲ့သည်။ 
ဆီးရီးယား အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း ကန်တပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁၀ ဦး သေဆုံး
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုကြောင့် အမေရိကန်စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ အပါအဝင် လူပေါင်း ၁၀ဦးကျော် သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုမှာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်စစ်သွေးကြွအုပ်စုက ပြောကြားခဲ့သည်။
မြဝတီမြို့တွင် မြန်မာငွေရောရာ ကျပ်သိန်း(၄၀)၊ လက်ကိုင်ဖုန်းနှင့် စာရွက်စာတန်းများအပါအဝင် ရွှေထည်ပစ္စည်းမျိုးစုံ ခိုးယူသူ သုံးဦးကို ဖော်ထုတ်ဖမ်းဆီးရမိ
ကရင်ပြည်နယ် မြဝတီမြို့တွင် ဇန်နဝါရီ ၁၆ ရက်က မြန်မာငွေရောရာ ကျပ်သိန်း(၄၀) ဖုန်းနှင့် စာရွက် စာတမ်းများအပါအဝင် ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုး ၁၉၅၀ဝ၀ဝ ကျပ်ခန့် ခိုးယူသူ သုံးဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သံတွဲမြို့ အမှတ် ( ၈ ) ရပ်ကွက်တွင် ဆိုင်ခန်းဟောင်း မီးလောင်မှုဖြစ်ပွား
သံတွဲမြို့တွင် ဆိုင်ခန်းအဟောင်းတစ်ခန်း လျှပ်စစ်ဒါးမိန်းအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ဆိုင်ခန်းအတွင်း စောင့်အိပ်နေသူ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ 
အသက်(၁၅)နှစ်အရွယ် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့်ခဲ့သူသုံးဦးကို မြဝတီခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်
ကရင်ပြည်နယ် မြဝတီမြို့တွင် အသက်(၁၅)နှစ်အရွယ် (ဉာဏ်ရည်မမီသူ) အမျိုးသမီးတစ်ဦးကို သားမယားအဖြစ်ပြုကျင့်၍ မြဝတီခရိုင်တရားရုံးက စစ်ဆေးနေသောအမှုမှ ပြစ်မှုကျူးလွန်သူသုံးဦးကို ဇန်နဝါရီ ၁၅ ရက်က ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် အိုက်စ် (Methamphetamine) များ ဖမ်းဆီးရမိ 
မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီခွဲက ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြင့်အောင်မောင်းနှင်လာသည့် DONGFENG အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ်၏ ဘော်ဒီရှေ့ပိုင်း အံဝှက်အတွင်းမှ အိုက်စ် (Methamphetamine) ၆၀ဝ ကီလို ဒေသပေါက်ဈေး ငွေကျပ်သိန်း ၁၅၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။