မိုးညှင်းမြို့နယ်၌ လယ်တောတွင်နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး ဓား၊ သေနတ် ဒဏ်ရာများဖြင့် သေဆုံး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာအနီး လယ်တော၌ ဩဂုတ် ၂၂ ရက်က လယ်တောတွင်နေထိုင်သူ ဇနီးမောင်နှံနှစ်ဦးအား သေနတ်၊ ဓား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။