မြင်းမူနှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မြင်းမူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက မြင်းမူမြို့ အနောက်ပိုင်းရပ်ကွက် လွတ်လပ်ရေး ကျောက်တိုင်အနီးတွင် တွေ့ရှိသူ မြင့်လွင်(ခ)နန်းစတော့ အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၃၂ ပြား၊ မြန်မာငွေကျပ် ၃၀၁၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။








