ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၇ ရက် ည ၉နာရီခွဲက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ (၁) လမ်းနေ မျိုးမင်းခိုင်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၇၉၃ ပြား၊ မြန်မာငွေကျပ် ၃၄၀ဝ၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ အလားတူ သြဂုတ် ၈ ရက် နံနက် ၇ နာရီက ဘုတ်ပြင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာနေ တင်မောင်လတ်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၀ဝ ကိုလည်းကောင်း၊