မိုးရေဝင်သဖြင့် ရှော့ဖြစ်ပြီး မီတာ(၅)လုံး မီးလောင်မှု ဖြစ်ပွား

ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ဥယျာဉ်လမ်း အမှတ် ၇၅ ရှိ ဦးစိုးဝင်း၏ ခြံဝင်းတွင် တပ်ဆင်ထားသော အိမ်သုံးမီတာ ၄ လုံး နှင့် ပါဝါမီတာ ၁ လုံး စုစုပေါင်း မီတာ ၅ လုံးသည် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က မီတာများထားရာ အုတ်နံရံအောက်အတွင်းသို့ မိုးရေဝင်သဖြင့် ပါဝါမီတာရှော့ ဖြစ်ပြီး မီးလောင်ရာမှ အိမ်သုံးမီတာ ၄ လုံး၏ ကာဗာများ အရည်ပျော်၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။
ကင်းတပ်ဆည် လက်ဝဲတူးမြောင်းအတွင်း လူတစ်ဦး ရေဆင်းချိုးရာမှ  ရေနစ်သေဆုံးမှုဖြစ်ပွား 
စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့နယ်တွင် သြဂုတ် ၇ ရက်  မွန်းလွဲ ၁၂ နာရီခွဲက ကန့်ဘလူမြို့နယ် မီးသတ်စခန်း၏ တောင်ဘက်  ၉  မိုင်ကျော်အကွာ ထန်းကုန်းကျေးရွာ၏ အနောက်ဘက်  ကင်းတပ်ဆည် လက်ဝဲတူးမြောင်းအတွင်း လူတစ်ဦး ရေဆင်းချိုးရာမှ  ရေနစ်သေဆုံးခဲ့ကြောင်း  ကန့်ဘလူခရိုင်မီးသတ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး  ဦးအောင်ဌေးဝင်းထံမှ သိရသည်။
လျှပ်စစ်မိန်းဘုတ်ခံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် အင်းတိမ်ကျေးရွာတွင် ယမနေ့ ည ၁၁ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့နယ် ချင်းတွင်းမြစ် အတွင်းမှ တရားမဝင်သစ် (၁၉)သိန်း ကျော်ဖိုး ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ကူးဆိပ်ကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်းမှတရားမဝင်ကျွန်းသစ်လုံးနှင့် အင်ခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရသည်။
မလှိုင်မြို့ဝါကြိတ်စက်ရုံဝန်းအတွင်း ဝန်ထမ်းအိမ်ရာအဟောင်းဖျက်ရာမှ အမျိုးသားတစ်ဦး အိမ်တိုင်ပိသေဆုံး
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ နယ်မြေ(၁၃) အမှတ်(၃)ရပ်ကွက် ဝါကြိတ်စက်ရုံဝန်းအတွင်းတွင် သြဂုတ် ၇ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က အဆောက်အဦအဟောင်းဖျက်ရာမှ အမျိုးသားတစ်ဦး အိမ်တိုင်ပိ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအနီး AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။