မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၁ ရက် ညနေ ၄ နာရီခွဲက ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ ရှမ်းပိုင်းလမ်းကြား၊ အမှတ်(င/၁၀၆/ဂ)နေ ညိုသန်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၃၀၊ အဆင့်နိမ့်ဘိန်း ၅၅ ဂရမ်တို့ကို သိမ်းဆည်းရမိသည်။