ဆိုလာပြားအပူရှိန်လွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတော်တလုတ်အုပ်စု၊ မကျီးကုန်း ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က နေအိမ်တစ်လုံးမီးလောင်ကျွမ်းကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဖုန်းဆက်အကြောင်းကြားသဖြင့်  မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ သွားရောက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ဆိုင်ကယ်များ ခိုးယူရောင်းချနေသူ လေးဦး ဖမ်းဆီးရမိ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မော်တော်ဆိုင်ကယ်များကို ခိုးယူရောင်းချနေသူ(၄)ဦးအား ဧပြီ ၂၃ ရက်က ဆိုင်ကယ် ငါးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။
ပုသိမ်-မုံရွာကားလမ်းတွင် ခရီးသည်တင် မော်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ သဘော့ငူကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၁၉/၂) နှင့် (၁၉/၃) ကြားတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ခရီးသည်တင်မော်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် သံတိုသံစကြိတ်ခွဲစက်ရုံ၌ မီးလောင်မှုဖြစ်ပွား
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၁၁၈ ရပ်ကွက် တွဲဘက်အုပ်ချုပ်စက်မှုဇုန်နယ်မြေအမှတ် ၉၄/ ကနောင်မင်းသားကြီးလမ်း နှင့်ဦးဖိုးလှိုင်လမ်းထောင့်ရှိ ..............
မလှိုင်မြို့ မြေစာရင်းရုံးအနီးတွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လျှပ်စစ်မီးတိုင်အား ဝင်တိုက်မိ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်၌ ယမန်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လျှပ်စစ်မီးတိုင်အားတိုက်မိရာ ထက်ပိုင်းကြိုးပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေကူ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက် နံနက် ၆ နာရီခွဲတွင် ရွှေကူမြို့နယ်၊ လိပ်စင်း-ကသာသွား ကားလမ်းတွင် မမြဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၇,ဝ၀ဝ  သိမ်းဆည်းရမိခဲ့သည်။            
လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းယာဘက်ခြမ်းရှိ တံတားဘောင် ဝင်တိုက်မှုဖြစ်ပွား
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကား လမ်းဟောင်းမိုင်တိုင် ၂၄၂/ဝ၊၂၄၂/၁ အကြားတွင် ........