မိုးညှင်းမြို့ရှောင်လမ်းတွင် ဒီဇယ်များတင်ဆောင်ထားသည့် (၂၂) ဘီး ဘောက်ဆာယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ် မြို့ရှောင်လမ်း ပညာဗိမာန်ဘုန်းတော်ကြီးကျောင်း တိုက်ရှေ့ ဆင်ခေါင်းညောင်ပင်ကွေ့အနီးတွင် ယာဉ်မောင်း အိပ်ငိုက်ခဲ့သဖြင့် ဒီဇယ်များ တင်ဆောင်ထားသည့် (၂၂)ဘီး ဘောက်ဆာယာဉ် တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။