မြင်းခြံမြို့နယ်တွင် ဝါယာရှော့ဖြစ်ပြီး ဆေးရွက်သိုလှောင်ရုံမီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊အမှတ်(၂၀)ရပ်ကွက် ၊ နယ်မြေ(၅)ရှိ ဦးအောင်ပြည့်ဖြိုး ပိုင်ဆိုင်သောဆေးရွက်ကြီးသိုလှောင်သောဂိုထောင်တွင် ယနေ့ နံနက် ၈ နာရီခန့်က လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။