တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တစ်ပတ်အတွင်း တရားမဝင်သစ် ၃၂၀ ဒသမ ၆၅၀၂ တန် ဖမ်းဆီးရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း တရားမဝင်းသစ် ၃၂၀ ဒသမ ၆၅၀၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။







