ဆီဘောက်ဆာမှ အခြားကားပေါ်သို့ ဆီများရွှေ့ပြောင်းသယ်ယူစဉ် မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် ဂေါက်ကွင်းလမ်းတွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်က ဓာတ်ဆီဘောက်ဆာ ကားပေါ်မှ အခြားကားပေါ်သို့ ဓာတ်ဆီများ ရွှေ့ပြောင်းသယ်ယူစဉ် ဆီဂေါက်နှင့် ဆီပေပါ ထိခတ်ရာမှ မီးပွားထွက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဆင်မသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံရ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်မသစ်တောကြိုးဝိုင်းအတွင်း ဆင်သတ်မုဆိုးများ၏ လက်ချက်ကြောင့် ဝဲဘက်ကျောခြမ်း အရေခွံခွာထားရပြီး နှာမောင်းနှင့် နားရွက်တို့ဖြတ်ခံထားရသည့် သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်း တရားမဝင်သစ် ၄၅ ဒသမ ၇၀၆၄ တန် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အနေဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု ...........
မိုးကုတ်မြို့၊ သင်္ဃန်းကျွန်းမြို့၊နှင့် တောင်ဥက္ကလာပမြို့နယ်တို့အတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ပိန်းပြစ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီခွဲက မိုးကုတ်မြို့နယ်၊ မိုးကုတ်-မိုးမိတ်ကားလမ်း၊ ဂေါ်ရခါးကျေးရွာအနီးတွင်တွေ့ရှိသူ ဒေါ်လီမဆားအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၉၁၇ ပြား ကိုလည်းကောင်းဖမ်းဆီးရမိခဲ့သည်။
မီးငြှိမ်းသတ်ရန်အသွား မီးသတ်ကားနှစ်စီး တိုက်မိမှုဖြစ်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း နှင့် ၆၂ လမ်းထောင့်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က မီးငြှိမ်းသတ်ရန်အသွား မီးသတ်ကားနှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့သည် ။
လိုင်စင်မဲ့သစ်သယ်ယာဉ် ၈ စီး သိမ်းဆည်းရမိ 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင် ခရိုင်၊ မိုင်းစံမြို့၊ မိုင်းရှူး-မိုင်းစံသွားလမ်း၌ လိုင်စင်မဲ့သစ်သယ်ယာဉ်(၈)စီးကို ဖေဖေါ် ဝါရီ ၆ ရက် နံနက် ၁၀ နာရီခန့်က
ချမ်းမြသာစည်မြို့နယ်တွင် မီးဖြတ်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက်၊ ၆၀×၆၁ လမ်းကြား၊ သဇင်လမ်းနှင့် ကံကော်လမ်းကြားတွင် ယနေ့ နံနက် ၆ နာရ ၄၀ မိနစ်က မီးဖြတ်စက် အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။