ရွှံ့စေးကွင်းရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ်

​​​​​​​စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်ဟာ အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အမေရိကန် ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား ဂျွန်အစ္စနာကို အနိုင်ရရှိခဲ့ပြီးနောက် ရွှံ့စေးကွင်းမှာ ရှုံးပွဲမရှိစံချိန် ကို ဆက်ထိန်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဘောလုံးရာသီငါးရာသီအတွင်း ပရီမီယာလိဂ်ဖလားလေးကြိမ် ဆွတ်ခူးနိုင်မယ့် အခွင့်အရေးနဲ့ နီးစပ်လာ တဲ့ မန်စီးတီးအသင်း
မန်စီးတီးအသင်းဟာ ပရီမီယာ လိဂ်ပွဲစဉ်(၃၆)အဖြစ် မေ ၁၁ ရက် ညပိုင်းက ဝုလ်ဗာဟမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် ချန်ပီယံဆုဖလားကို ဘောလုံးရာသီငါးရာသီအတွင်း လေးကြိမ်အထိ ဆွတ်ခူးနိုင်မယ့်အခွင့်အရေးနဲ့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။
နောက်ခံလူ ချီယယ်လီနီ ဂျူဗင်တပ်အသင်းမှ ထွက်ခွာတော့မည်
အီတလီနောက်တန်းကစားသမား ချီယယ်လီနီဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ၁၇ နှစ်ကြာ လက်တွဲ ခဲ့ပြီးနောက် အခုဘောလုံးရာသီ ကုန်ချိန်မှာတော့ အသင်းမှ ထွက်ခွာတော့မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဝယ်သာဝိတ်ချန်ပီယံဟောင်း ကဲလ်ဘရွတ် လက်ဝှေ့သမားဘဝမှ အနားယူလိုက်ပြီ
​​​​​​​ဗြိတိန်ရဲ့ ကမ္ဘာ့ဝယ်သာဝိတ်ချန်ပီယံဟောင်း ကဲလ်ဘရွတ်ဟာ လက်ဝှေ့သမားဘဝကနေ အနားယူ လိုက်ပြီဖြစ်ပါတယ်။ ကဲလ်ဘရွတ်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ၄၃ ပွဲ ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာမှာ ပွဲပေါင်း ၄၀ အထိစံချိန်တင်နိုင်ပွဲရရှိခဲ့သူဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းကို အနိုင်ရပြီး အင်တာမီလန်အသင်း ကိုပါအီတာလီယာဖလား ဆွတ်ခူး
ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ မေ ၁၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါ အီတာလီယာဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်အသင်းက ဂျူဗင်တပ်အသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ကိုပါအီတာလီယာဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးတက်ရေး အရေးပါသည့်ပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ် ယနေ့ ကစားမည်
ဆီးဂိမ်းအမျိုးသား ဘောလုံး ပြိုင်ပွဲအုပ်စု(က) ပွဲစဉ်များကို မေ ၁၃ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရေး အရေးပါသည့် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို မေ ၁၂ ရက် ညပိုင်းက ဟနွိုင်းမြို့ရှိ မိုင်ဒင်းကွင်း၌ ပြုလုပ်သည်။