ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ပြိုင်ပွဲမှ အင်ဒိုနီးရှား နုတ်ထွက်ခဲ့သဖြင့် မြန်မာအပါအဝင် လေးသင်းသာ ယှဉ်ပြိုင်ရမည်

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင်
ဘောလုံးအကယ်ဒမီသုံးခုအတွက် လူရွေးပွဲများ ကျင်းပမည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်လျက်ရှိသည့် ဘောလုံးအကယ်ဒမီသုံးခုအတွက် လူရွေးပွဲများ ကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
မယော့ကာကို အနိုင်ယူပြီး အိမ်ကွင်းသုံးပွဲဆက်ရှုံးနိမ့်မှုကို ချေဖျက်နိုင်ခဲ့သည့် ဘာစီလိုနာ
လာလီဂါပွဲစဉ် (၃၄) မှ ဘာစီလိုနာနှင့် မမော့ကာအသင်းတို့ပွဲစဉ်ကို မေ ၂ ရက် နံနက်ပိုင်းက နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေး ဇယားအဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့သည်။
ချယ်ဆီးကို အနိုင်ယူပြီး တန်းဆင်းဇုန်မှလွတ်မြောက်ရန် အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့သည့် အဲဗာတန်
ပရီမီယာလိဂ် ပွဲစဉ် (၃၅) မှ အဲဗာတန်အသင်းနှင့် ချယ်ဆီး အသင်းတို့ပွဲစဉ်ကို မေ ၁ ရက် ညပိုင်းက ဂွတ်ဒီဆင်ပတ်ခ်ကွင်း ၌ ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ရန် အခြေအနေ ကောင်း တစ်ခုပိုင်ဆိုင်ခဲ့သည်။
အက်စ်ပန်ညိုကို အနိုင်ရရှိပြီး လာလီဂါချန်ပီယံအဖြစ် ရီးရဲမက်ဒရစ်အသင်း အောင်ပွဲခံနိုင်ခဲ့
လာလီဂါပွဲစဉ် (၃၄) မှ ဦးဆောင်သူ ရီးရဲမက်ဒရစ်အသင်းနှင့် အက်စ်ပန်ညိုအသင်းတို့ ပွဲစဉ်ကို တနင်္ဂနွေနေ့ ညပိုင်းက ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက လေးဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့် ရာသီမပြီးဆုံးမီ လာလီဂါအမှတ်ပေးဖလားချန်ပီယံအဖြစ် အောင်ပွဲခံ နိုင်ခဲ့ပြီး (၃၅) ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့သည်။
ယူအေအီးခြေစမ်းခရီးစဉ်၌ မြန်မာအသင်း တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၌ လေ့ကျင့်ခဲ့သည့် မြန်မာ အမျိုးသားဘောလုံးအသင်းသည် ခြေစမ်းပွဲလေးပွဲကစားရာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားကလပ် ခြေစမ်းပွဲ သရေကျ
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် မေ ၁ ရက်က တောင်ကိုရီးယား အမျိုးသမီးကလပ် ဆိုးလ်စီးတီး အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။