မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရ

​​​​​​​မန်စီးတီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ မေ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်မှာ သုံးမှတ်ဖြတ်ကာ ဦးဆောင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
ဗီယက်နမ်ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်း ယနေ့ကစားမည်
ဗီယက်နမ်ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို မေ ၁၀ ရက် (ယနေ့) တွင် ဗီယက်နမ်နိုင်ငံ၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ အမျိုးသမီးပြိုင်ပွဲတွင် ဖိလစ်ပိုင်တို့ ဂိုးပြတ်အနိုင်ရ
(၃၁) ကြိမ်မြောက် ဆီးဂိမ်းဘောလုံး အမျိုးသား၊ အမျိုးသမီး အုပ်စုပွဲစဉ်များကို မေ ၉ ရက်က ဆက်လက်ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ အမျိုးသမီးပြိုင်ပွဲတွင် ဖိလစ်ပိုင် အသင်းတို့ ဂိုးပြတ်နိုင်ပွဲများရရှိခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာရှအားကစားပြိုင်ပွဲ ရွှေ့ဆိုင်း
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အာရှအားကစားပြိုင်ပွဲကို လေးနှစ် တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် သုံးကြိမ်မြောက် လက်ခံ ကျင်းပခွင့် ရရှိခြင်းဖြစ်သည်။
ပရီမီယာလိဂ်ဖလားရဖို့ မျှော်လင့်နေတဲ့ လီဗာပူးအသင်း စပါးအသင်းနဲ့ ပွဲစဉ်မှာ သရေတစ်မှတ်သာရရှိခဲ့
​​​​​​​ယခုနှစ်ဘောလုံးရာသီမှာ ပရီမီယာလိဂ်ဖလားရရှိဖို့ မျှော်လင့်ထားတဲ့ လီဗာပူးအသင်းဟာ မေ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာ ကြောင့် သရေတစ်မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်
 မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မေ ၇ ရက်မှ စတင်ကာ ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
နောက်ကျဂိုးဖြင့် မြန်မာအသင်း အဖွင့်ပွဲတွင် အနိုင်ရ