NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း သုံးပွဲဆက်တိုက် ရှုံးပွဲကြုံ
NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲအုပ်စုစတုတ္ထနေ့ကို ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ရှုံးပွဲဆက်ခဲ့သည်။
ဗလင်စီယာကို အနိုင်ယူပြီး ကိုပါဒယ်ရေးဖလား ဆွတ်ခူးနိုင်ခဲ့သည့် ဘက်တစ်
စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲဘက်တစ် အသင်းနှင့် ဗလင်စီယာအသင်းတို့ ပွဲစဉ်ကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်တွင် ဘက်တစ် အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲအကြို တောင်ကိုရီးယားနိုင်ငံ၌ ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း ထွက်ခွာ
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် တောင်ကိုရီးယားနိုင်ငံ၌ ခြေစမ်းပွဲများကစားရန် ဧပြီ ၂၄ ရက် နံနက်ပိုင်းက ထွက်ခွာ သွားသည်။
ပရီမီယာလိဂ်ပွဲစဉ် (၃၄) တွင် ပူလီဆစ်၏ နောက်ကျသွင်းဂိုးဖြင့် ဝက်စ်ဟမ်းကို ချယ်ဆီးအနိုင်ရ
ချယ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ် (၃၄) ကို ဧပြီ ၂၄ ရက် ညပိုင်းက ချယ်ဆီးအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက ပူလီဆစ်၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဲရစ်တန်ဟက်ကို မန်ယူအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းဟာ အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟက်ကို လာမယ့်ရာသီ အတွက် အသင်းရဲ့ နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ရွှံ့စေးကွင်းမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့ပြီဖြစ်တဲ့ အမ်မာရာဒူကာနူ
ဗြိတိန်ရဲ့ နံပါတ်တစ်တင်းနစ်မယ်တစ်ဦးဖြစ်တဲ့ အမ်မာရာဒူကာမူ ဟာ စတုဂတ်မြို့ရဲ့ ရွှံ့စေးကွင်းမှာ ကျင်းပလျက်ရှိတဲ့ Porsche Tennis Grand Prix ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရရှိခဲ့တာကြောင့် အဲဒီပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။