မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ (ခ) မောင်မောင်သည် တရုတ်နိုင်ငံ ၌ ကျင်းပမည့် Elite Tour 2020 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဇွန်လမှ နိုဝင်ဘာလအထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်မတိုင်မီ ပြိုင်ပွဲလေးခု ကျင်းပကာ ပြိုင်ပွဲတစ်ခုစီမှ အဆင့်သတ်မှတ်ချက်မြင့်မားသူများမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။