ပီအက်စ်ဂျီအသင်းနဲ့ အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးလူကာကူကို အသင်းမှ ထွက်ခွာခွင့်ပြုရန် ချယ်လ်ဆီးပြင်ဆင်
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူကို အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချယ်လ်ဆီး အသင်းဟာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ လူကာကူကို ယခုနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။




