အာဆင်နယ်အသင်းက လက်စတာစီးတီးအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ

အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်း အနိုင်ရ

အိမ်ကွင်းမှာ မန်ယူကို အနိုင်ရရှိဖို့ကြိုးစားလာမယ့် အတ္တလန္တာ

နိုင်ပွဲရရှိရေး ဉီးတည်လာမည့် မန်ယူကို စပါးဟန့်တားနိုင်မလား

ဒီအွန်တေးဝိုင်ဒါနဲ့ ထိုးသတ်ပြီးနောက် မတ်လအတွင်းမှာ လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လာဦးမယ့် တိုင်ဆန်ဖူရီ
ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား တိုင်ဆန်ဖူရီဟာ ဒဗလျူဘီစီဟဲဗီးဝိတ်ပြိုင်ပွဲမှာ အမေရိကန် လက်ဝှေ့သမား ဒီအွန်တေးဝိုင်ဒါကို အနိုင်ရရှိခဲ့ပြီးနောက် ဗြိတိန်လက်ဝှေ့ကျော်တွေဖြစ်တဲ့ ဒီလီယန်ဝှိုက် ဒါမှမဟုတ် ဂျိုးဂျွိုင်စီနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့်မတ်လအတွင်းမှာ လက်ဝှေ့ ကြိုးဝိုင်းအတွင်း ပြန်လာဦးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ 
ဗီယင်နာအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကာလို့စ်အယ်ကာရက်ဇ်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်တဲ့ အန်ဒီမာရေး
ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ ဗီယင်နာအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်း ၁၆ ဦးအဆင့် ပြိုင်ပွဲအဖြစ် အောက်တိုဘာ ၂၇ ရက်က စပိန်ဆယ်ကျော်သက် တင်းနစ် ကစားသမား ကာလို့စ်အယ်ကာရက်ဇ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ကာလို့စ်အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့တာ ကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပြီ ဖြစ်ပါတယ်။