အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် အုပ်ချုပ်သူ၊ နည်းပြများအား ထောက်ပံ့ကြေးများပေးအပ်ပွဲနှင့် အလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။