၂၀၂၀ MFF Open Cup ဖူဆယ်ပြိုင်ပွဲကို ဇုန်နှစ်ခုခွဲ၍ ဗိုလ်လုပွဲကို မန္တလေးမြို့၌ ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီသည် ၂၀၂၀ ပြည့်နှစ် MFF Open Cup ဖူဆယ်ပြိုင်ပွဲကို ပုံစံသစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့၌ ဇုန်နှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။
COVID-19 ရောဂါကြောင့် MNL ပြိုင်ပွဲ ပွဲစဉ် (၁၀) နှင့် (၁၁) ပွဲအားလုံးကို ကွင်းပိတ်ကစားရန် ဆုံးဖြတ်
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) နှင့် (၁၁) မှ ပွဲအားလုံးကို ကွင်းပိတ်ကစားရန် ဆုံးဖြတ်ခဲ့သည်။
၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များရေးဆွဲ
၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်မဲနှိုက်ရေးဆွဲပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆင့်အားလုံးအတွက် မဲနှိုက်ရေးဆွဲခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော နည်းပြများနှင့် ကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ

အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူးရရှိ
မတ် ၉ ရက်မှ ၁၀ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် River Landing Classic -2020 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီး ဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ယခုလအတွင်း လေ့ကျင့်မှုပြုလုပ်ရန် ကစားသမား ၂၃ ဦး ရွေးချယ်ခဲ့ပြီး လူစာရင်းကို မတ် ၁၀ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။