အိုလံပစ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ နေရာ၌ ရှိနေသည့် သက်ထားသူဇာ
ဂျပန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် မတ် ၁၇ ရက်တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ထုတ်ပြန်သည့် အိုလံပစ် ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ နေရာ၌ ရပ်တည်လျက်ရှိသည်။






