ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းရည်ပဲချက်စားစား၊ ပြုတ်ပြီးတော့ အတို့အမြှုပ်အနေနဲ့ပဲစားစား စားလို့ကောင်းတဲ့ မျှစ်ကလေးက စားကောင်းရုံမှာတင်ပြီးမသွားပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ စားလိုက်ရင် ခံတွင်းထဲမှာ ခပ်ရှိန်းရှိန်းလေးဖြစ်သွားတာကြောင့် မျှစ်စားရတာကို ကြိုက်တဲ့သူတိုင်း ဒီဆောင်းပါးလေးကို ဖတ်ကြည့်သင့်တယ်နော်။