သပြုသီးကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့၌ ဟင်းလျာအဖြစ် အများဆုံးစားသုံးလေ့ ရှိသည်ကို တွေ့ရသည်။ သပြုသီးမှာ ရာသီပေါ်မိုးရာသီ သီးနှံဖြစ်ပြီး မိုးဦးကျမေလမှစတင်တွေ့ ရှိနေရပြီဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သပြုသီးကို ငါးဖြင့် ချဉ်ရည်ချက်လေ့ရှိကြသည်။