ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီ ပုထိုးများ၌ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိ
ခရီးသွား ရာသီချိန် ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား ဝင်ထွက်သွားလာဖူးမြော်ရာ နေရာဒေသတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် နေရာအနှံ့ စေတီပုထိုးများ၌ ယနေ့နံနက်ပိုင်းက ဘုရားဖူးခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိနေကြောင်း ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။