တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း ၂၂၅၀၀ကျော် ဝင်ရောက်လည်ပတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အဆက်မပြတ်ဝင်ရောက်လည်ပတ်လျက်ရှိရာ နိုဝင်ဘာ ၂ ရက်နေ့မှ နိုဝင်ဘာ ၈ ရက်နေ့အထိ နေ့ချင်းပြန်၊ ညအိပ် ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်(ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံသားများအပါအဝင် စုစုပေါင်း ၂၂၅၁၅ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။