နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ပတ်အတွင်း ၂၆၀ဝ၀ ကျော် ဝင်ရောက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများအပါအဝင် စုစုပေါင်း ၂၆၃၂၇ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးမှ သိရသည်။