မူဆယ် ၁ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့အနီးတွင် ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က သခွားမွှေးတင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ဆဲဗင်းဟွာကျင့် ဆီဆိုင်ကို ဝင်ရောက်တိုက်မိသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။