ဖြူးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာနေ ဦးဆယ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိခြင်းမရှိဘဲ နေအိမ်တွင်ရောက်ရှိနေသူ ဒေါ်ခင်တုတ်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။ 
လားရှိုးမြို့နယ်၌ အမျိုးသမီး ၂ ဦးအားသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ အမျိုးသမီးနှစ်ဦးကိုသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည့် တရားခံ ချစ်ကို(ခ)ပိုင်စိုးအောင်အား ဇွန် ၁၇ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ပင်လည်ဘူး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၈ ရက် နံနက်ပိုင်းက ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲကျေးရွာ သွားကားလမ်းတွင် လမ်းလျှောက်လာသူ စိုးထွေး အားစစ်ဆေးရှာဖွေရာ  ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ ဓား ၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ ကျော်ရွာကြီးကျေးရွာနေ နီတွတ်(ခ)ကျော်စိုးဦး၏ နေအိမ်ကိုသွားရောက်ရှာဖွေရာ
တံတားဦးမြို့နယ်၌ မော်တော်ယာဉ်မှ လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကာ ယာဉ်မောင်း သေဆုံး 
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ မန္တလေးလေဆိပ်အထွက်လမ်း၊ မိုင်တိုင်အမှတ် (၇/၆)၌ ဇွန် ၁၈ ရက် ညပိုင်းက မော်တော်ယာဉ်မှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဘွိုင်လာအိုး ပေါက်ကွဲမှု ဖြစ်ပွားပြီး ၁ ဦး သေ၊ ၅ ဦး ဒဏ်ရာရ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ထူးကောင်းစံစက်ရုံ၌ မရမ်းကုန်းမြို့နယ်၌ ဇွန် ၁၈ ရက်က မွန်းလွဲပိုင်းက ကွန်ကရစ်တိုင်ထုတ်လုပ်ရေး ဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ  ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မှ ငွေများအား အလွဲသုံးစားပြုလုပ်သူ ဒုဘဏ်မန်နေဂျာအား အရေးယူထား
ကျီနီကမ္ဘာ့ရတနာဘဏ်ခွဲ ဒုမန်နေဂျာ သည် အများပြည်သူ ယုံကြည်အပ်နှံငွေ ကိုယ်ကျိုးအတွက် အလွဲသုံးစား ထုတ်ယူသုံးစွဲခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။