မြေယာရှာဖွေရေး ဂြိုဟ်တုတစ်စင်း ထပ်မံလွှတ်တင်လိုက်သည့် တရုတ်
မတ်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၀ မိနစ်က တရုတ်နိုင်ငံ အနောက်မြောက်ဘက်၊ ဂိုဘီ သဲကန္တာရထဲရှိ ကျို့ချန်း ဂြိုဟ်တု ပစ်လွှတ်ရေးစင်တာကနေ မြေယာရှာဖွေရေး ဂြိုဟ်တု တစ်စင်းကို ထပ်မံ ပစ်လွှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။