Latest News
နောက်ဆုံးရသတင်းများ
ရန်ကုန်မြို့ရေပေးဝေမှု ခေတ္တပြတ်တောက်မည့် မြို့နယ်အချို့ရှိ ရပ်ကွက်နေပြည်များအတွက် ရေသယ်ယာဉ်ဖြင့်(အခမဲ့) ကူညီမည်
27/07/19
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့၏ ထုတ်ပြတ်ချက်အရ------
MNL-2 ပြိုင်ပွဲတွင် ချင်းယူနိုက်တက်အသင်း ဗိုလ်စွဲပြီး တန်းတက်ခွင့်ရရှိ
27/07/19
၂၀၁၉ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ပဒုမ္မာကွင်းနှင့် စလင်းကွင်း၌ ကျင်းပရာ ချင်းယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုရရှိခဲ့သည်။
ဝက်လက်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပင်များ ပျိုးထောင်လျက်ရှိ
27/07/19
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူအကျိုးဖြစ်ထွန်းရေး၊ လုပ်သားရှားပါးမှုပြဿနာ ကျော်လွှားနိုင်ရေး၊ စိုက်ပျိုးသောစပါးများ အထွက်နှုန်းတိုးမြှင့်ရရှိစေရေးတို့ကို ရည်ရွယ်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပျိုးပင်များ ပျိုးထောင်ခြင်းလုပ်ငန်းကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက ဒွန်တဲကုန်းကျေးရွာ တောင်သူ ဦးအောင်မြင့်စံလယ်၌ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲကျင်းပ
27/07/19
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် သင်္ကန်းကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်္ကန်းကျွန်းမြို့နယ် (၃၈) ရပ်ကွက်မှ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြင်ဦးလွင်မြို့ရှိ စပျစ်ခြံများတွင် ကိုယ်တိုင်ခူးဆွတ် ဝယ်ယူနိုင်မှုကြောင့် လာရောက်လေ့လာ အပန်းဖြေသူများ ပိုမိုများပြားလာ
27/07/19
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ စပျစ်ခြံများတွင် လှပစွာစိုက်ပျိုးထားသည့် စပျစ်သီးနှံများအား ကိုယ်တိုင်ခူးဆွတ် ---------
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရှမ်းမငယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲသို့ တက်ရောက်ဖွင့်လှစ်
27/07/19
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရှမ်းမငယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်ပွဲအခမ်းအနားကို ----------
နာမည်ကြီး ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ သရေပွဲထပ်မံကြုံတွေ့
27/07/19
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ နာမည်ကြီး ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ နိုင်ပွဲထပ်မံပျောက်ဆုံးပြီး သရေကျခဲ့သည်။
မလှိုင်မြို့ အမှတ်(၄) အ.မ.က စာသင်ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
27/07/19
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၄) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို -------
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်
27/07/19
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၊ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့်ဆီ၊ ဆား၊ ပဲ၊ မိုးကာလိပ် စသည့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရန်အတွက် စုစုပေါင်းငွေကျပ် (၂၃၆၆ဒသမ၈၄) သိန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့က ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်အတွင်းရေးမှူးတို့ထံ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်သည်။
အာဆီယံ ယူ-၁၅ ပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း သရေကျ
27/07/19
၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ စတင်ကျင်းပရာ မြန်မာအသင်း သရေပွဲကြုံတွေ့ခဲ့သည်။