Latest News
နောက်ဆုံးရသတင်းများ
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပစေရန် Plastic Campaign အဖွဲ့ စုပေါင်းအမှိုက်ကောက်
27/07/19
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် စွန့်ပစ်ပလတ်စတစ်အမှိုက် ကင်းမဲ့ဇုန်အဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဦးဆောင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း Plastic Campaign စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
27/07/19
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
27/07/19
ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
မြင်းခြံမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
27/07/19
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်ရှိ သီရိလင်္ကာဘုန်းတော်ကြီးသင်ကျောင်းရှိ ကျောင်းဓမ္မာရုံတွင် ယနေ့ မွန်းလွဲပိုင်းက မြင်းခြံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ဒုတိယဝန်ကြီး ဦးလှကျော် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးကွင်းဆင်းဆောင်ရွက်
27/07/19
လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုတိုးတက်လာစေရန် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်းအားအရင်းအမြစ် စသည့် ကဏ္ဍ ၃ ခု ဟန်ချက်ညီညီ ကြိုးပမ်းကြမှသာ တောင်သူအကျိုးစီးပွားမှတစ်ဆင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရေးကို ထိရောက်စွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုင်နိုင် စိုက်ပျိုးရေးနည်းပညာစင်တာ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံစဉ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှုကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာဖြစ်ပွားမှု ပိုမိုများပြားလာ
27/07/19
ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုနှင့် ကွမ်းယာစားသုံးမှုသည် လူငယ်များအတွင်း ဆိုးရွားစွာ ပျံ့နှံ့နေပြီဖြစ်ကြောင်းနှင့် -----------
University Management System ပေးအပ်လှူဒါန်းခြင်းနှင့် Sakura – Insein Technical Course, Batch(7) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
27/07/19
တက္ကသိုလ်များအတွက် လိုအပ်သော ကျောင်းသားရေးရာစီမံခန့်ခွဲမှုများ လျင်မြန်လွယ်ကူသက်သာစေရန်အတွက် အိုင်တီနည်းပညာဖြင့် မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်၍ Blue Ocean Investment Limited က ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ပေးအပ်လှူဒါန်းသည့် University Management System ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲ ဆက်လက်ကျင်းပ
27/07/19
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပသည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အလုပ်ရှင်များအတွက် ဝန်ဆောင်မှုကဏ္ဍအသစ်များ မိတ်ဆက်
27/07/19
အလုပ်ရှင်များအတွက် ဝန်ဆောင်မှုကဏ္ဍအသစ်များမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပသည်။
မြိတ်မြို့နယ်တွင် တန်ဖိုးငွေကျပ် သိန်း ၅၄၅၀ ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
27/07/19
နေပြည်တော်၂၇ ဇူလိုင်