Latest News

နောက်ဆုံးရသတင်းများ

အာဇာနည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူ

ပြည်တွင်း

18/07/19

(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဝန်ထမ်းများ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများ ဆွေးနွေး

ပြည်တွင်း

18/07/19

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ အကြိမ် (၂၀) မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်တွင်း

18/07/19

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ အကြိမ်(၂၀) မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပတ်အတွင်း တရားမဝင်သစ် ၅၆၇ ဒသမ ၇၈၅၁ တန်နှင့် ပြစ်မှုကျူးလွန်သူ (၅၃)ဦး ဖမ်းဆီးရမိ

မှုခင်း

18/07/19

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် နည်းလမ်းမျိုးစုံဖြင့် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

မှုခင်း

18/07/19

နေပြည်တော်  ၁၈  ဇူလိုင်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့ စနစ်အရ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြစ်ရေအခြေအနေ

မိုးလေဝသ

18/07/19

နေပြည်တော် ၁၈ ဇူလိုင်

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၈.၇.၂၀၁၉)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

 

မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်

မိုးလေဝသ

18/07/19

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) တွင် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီ ထိပ်တိုက်တွေ့ဆုံ

အားကစား

18/07/19

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ကို ဇူလိုင် ၂၀၊ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်သွားရေး ဆွေးနွေး

ပြည်တွင်း

18/07/19

နေပြည်တော်  ၁၈  ဇူလိုင်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Pacific Construction Company Limited မှ ဥက္ကဋ္ဌ Mr. Yan Jie He နှင့် အဖွဲ့အား ယနေနံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အဖတ်များဆုံး သတင်း