Latest News
နောက်ဆုံးရသတင်းများ
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၂)မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ်
18/07/19
(၁၈-၇-၂၀၁၉)
၁။ မြန်မာနိုင်ငံတွင် ပိုလီယိုအရိုင်းဗိုင်းရပ်စ်ပိုး (wild virus) ကို (၂၀ဝ၇)ခုနှစ်တွင်လည်းကောင်း၊ အသွင်ပြောင်းပိုလီယိုပိုးကို (၂၀၁၅)ခုနှစ်တွင်လည်းကောင်း နောက်ဆုံးတွေ့ရှိခဲ့ပါသည်။ (၂၀၁၄) ခုနှစ်၊ မတ်လတွင် ပိုလီယိုရောဂါပိုးကင်းစင်ကြောင်း ကြေငြာခဲ့ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများ တွေ့ဆုံ
18/07/19
ရန်ကုန် ၁၈ ဇူလိုင်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ
18/07/19
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener သည် ယနေ့ ည ၇ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom အား လက်ခံတွေ့ဆုံ
18/07/19
နေပြည်တော် ၁၈ ဇူလိုင်
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ
18/07/19
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
(၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြခန်း ပုသိမ်မြို့တွင် ပြသမည်
18/07/19
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် အာဇာနည်နေ့ပြခန်းကိုမြို့တော်ခန်းမတွင် ဇူလိုင် ၁၈ ရက် နှင့် ၁၉ ရက်နေ့များတွင် ပြည်သူများအား ပြသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ပေးသည့် ဗီယက်နမ်ကုန်စည်ပြပွဲ တပ်မတော်ခန်းမတွင် လေးရက်တိုင် ကျင်းပ
18/07/19
ရန်ကုန် ၁၈ ဇူလိုင်
ဗီယက်နမ် အမျိုးသားကုန်သွယ်ရေး မြှင့်တင်မှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်စေသည့် ဗီယက်နမ်ကုန်စည်ပြပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဇူလိုင်(၁၈) ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ လေးရက်တိုင် ကုန်စည်ပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်
18/07/19
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။
ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ မြားပစ် အားကစား ပစ္စည်းများ လှူဒါန်း
18/07/19
ရန်ကုန် ၁၈ ဇူလိုင်
မိုးကောင်းမြို့နယ်၌ မိုးကြိုးပစ်၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံး ခြောက်ဦး စက်ကွင်းမိ
18/07/19
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အောင်သာကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။