Latest News

နောက်ဆုံးရသတင်းများ

မန္တလေးကျောက်ဝိုင်းအတွင်း အင်တာနက်ဆက်သွယ်ရေး အသုံးပြုနိုင်ရန် တင်ဒါခေါ်မည်

ပြည်တွင်း

10/07/19

မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအတွင်း အရောင်းအဝယ်လုပ်နေကြသူများအတွက် အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။

မော်လိုက်မြို့နယ် ညောင်ဝန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၅)လုံး ကြိုတင်ရွှေ့ပြောင်းထားရ

ပြည်တွင်း

10/07/19

မော်လိုက် ၁၀ ဇူလိုင်            


စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာအုပ်စု ညောင်ဝန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးများပြိုကျ၍ မြစ်ကမ်းဖြင့်နီးကပ်နေသော လူနေအိမ်(၅)လုံးအား ဇူလိုင်လ ၁၀ ရက်နေ့က ကြိုတင်ရွှေ့ပြောင်းထားရကြောင်း ညောင်ဝန်းကျေးရွာ ရာအိမ်မှူးထံမှ သိရသည်။

မချမ်းဘော-ဖရုခ-ရပ်ဘော့လမ်းပိုင်းရှိ လမ်းတံတားများတွင်  ရေကျော်မှုကြောင့် ပြည်သူများ သွားလာရေးခက်ခဲ

ပြည်တွင်း

10/07/19

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မြို့နယ်များတွင်  ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် --------

ပခုက္ကူမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင် ဖြန့်ဝေ

ပြည်တွင်း

10/07/19

ပခုက္ကူမြို့၊ ပေါက်လမ်းမကြီးနှင့် ထင်းတန်းလမ်းထောင့်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ စတစ်ကာများကို မော်တော်ကား ဆိုင်ကယ်များအား ကပ်ပေးခြင်းကို ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။

(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ

ပြည်တွင်း

10/07/19

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

သထုံတွင် ခွင့်ပြုချက်မဲ့သယ်ဆောင်လာသည့် အသားတုများနှင့်ဘီယာများ ဖမ်းမိ

မှုခင်း

10/07/19

မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဇူလိုင်လ ၉ ရက်နေ့က  ရဲတပ်ဖွဲ့ဝင်များနှင့် --------

ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ ရန်ပုံငွေနှင့် စာအုပ်များပေးအပ်လှူဒါန်း

ပြည်တွင်း

10/07/19

မွန်ပြည်နယ်၊ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီမှ သထုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များ ဝယ်ယူရန်နှင့် ပရိဘောဂများ ဖြည့်ဆည်းနိုင်ရေး ရန်ပုံငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ် အပြိုင်ကျေးရွာတွင် သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး အသိပညာပေးဆွေးနွေး ကျင်းပ

ပြည်တွင်း

10/07/19

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ ကလေးသူငယ်များအား မုဒိမ်းမှုကျူးလွန်ခြင်းမှ ကြိုတင်ကာကွယ်တတ်စေရန်အတွက် ---------

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်တွင်း

10/07/19

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံတာဝန်ခံများ၊ စိုက်ကွင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက တိုင်းစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။