Latest News
နောက်ဆုံးရသတင်းများ
ကမ္ဘာ့အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်စို့
07/07/19
ဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်ကော်မတီက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ်
အပြုသဘောဆောင်သည့်နည်းဖြင့် ကူညီ
07/07/19
မြန်မာနိုင်ငံသည် နိုင်ငံတကာက လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်နှင့်အညီ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းတက်လှမ်းနေသည်မှာ
မြန်မာ ယူ-၁၅ အသင်းနှင့် တရုတ် ယူ-၁၅ အသင်းတို့ ခြေစမ်းပွဲကစား
06/07/19
၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၅ အသင်းသည် ယနေ့ညနေပိုင်းက တရုတ် ယူ-၁၅ အသင်းနှင့် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့သည်။
အသင်းခြောက်သင်း၊ ပြိုင်ပွဲရှစ်ခုနှင့် မြန်မာဘောလုံး
06/07/19
၂၀၁၉ ခုနှစ်မှာ နှစ်တစ်ဝက်ကုန်ဆုံး၍ ဒုတိယနှစ်ဝက်ထဲပင် ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့ဘောလုံးမှာလည်း နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့သလို လက်ကျန်ကာလများတွင်လည်း စောင့်ကြိုနေသည့် နိုင်ငံတကာပြိုင်ပွဲများက များပြားလှသည်။
မိုးညှင်းတွင် ဆင်တုပ်ကွေးရောဂါကြောင့် အသေအပျောက်မရှိသော်လည်း ဒေသခံများ စိုးရိမ်ပူပန်မှုရှိကြောင်း သိရ
06/07/19
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိသော်လည်း အသေအပျောက်မရှိကြောင်းနှင့် ဒေသခံများ စိုးရိမ်ပူပန်ကြသော်လည်း ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးရန်နှင့် အသိပညာပေး ဟောပြောပွဲများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
06/07/19
ဘုတလင် ၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း မဟာဗန္ဓုလခန်းမ၌ ဇူလိုင် ၆ ရက် နံနက်(၈)နာရီက လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ
06/07/19
မြစ်ကြီးနား ၆ ဇူလိုင်
ဘုတ်ပြင်းမြို့နယ်တွင် လူဦးရေစာရင်း ကောက်ယူရေး ပညာပေးဆင့်ပွားသင်တန်းဖွင့်
06/07/19
ကရသူရိ ၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့များနှင့် လူဦးရေစာရင်း ကောက်ယူရေး ပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးမှ သတ်မှတ်
06/07/19
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေး၌ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် ယနေ့ သတ်မှတ်လိုက်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ လည်ပင်းအား ဓားထောက်၍ ခြောက်လှန့် တောင်းခံသူများအား ဖော်ထုတ်ဖမ်းဆီးရမိ
06/07/19
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်နေ ကိုကျော်ဇောသည် ဇူလိုင် ၂ ရက် နံနက် ၂ နာရီက နေအိမ်သို့ပြန်ရန်၊ (၁၁)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် အငှားယာဉ်(၁)စီးအား ငွေကျပ် ၂ဝဝဝ ဖြင့် ငှားရမ်းခဲ့ရာ ယာဉ်ရှေ့ခန်းတွင် ယာဉ်မောင်း ၁ ဦး၊ ဘေးတွင် လူငယ် ၁ ဦးတို့အား တွေ့ရှိရပြီး လိုက်ပါလာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးရှေ့အရောက်၌ နောက်ခန်းနှင့် တစ်ဆက်တည်းရှိ ယာဉ်နောက်ဖုံးအတွင်းမှ ပုန်း၍လိုက်ပါလာသူ လူငယ် ၂ ဦးက ကိုကျော်ဇော၏ လည်ပင်းအား နောက်မှနေ၍ ဓားမြှောင်ဖြင့်ထောက်ကာ ပစ္စည်းများထုတ်ပေးရန် ခြိမ်းခြောက်ပြောဆိုသဖြင့် ကြောက်လန့်၍ ဘောင်းဘီအိတ်အတွင်းမှငွေကျပ် (၃၀ဝ၀ဝ၀)အား ထုတ်ပေးခဲ့ကြောင်း။