Latest News

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Lee Sang-hwa နှင့် ဗြိတိန်နိုင်ငံသံအမတ်ကြီး Mr. Daniel Patrick Chugg တို့အား လက်ခံတွေ့ဆုံ 

ပြည်တွင်း

03/07/19

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Lee Sang-hwa နှင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Daniel Patrick Chugg တို့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ အသီးသီးလက်ခံတွေ့ဆုံသည်။

ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်း ပြည်ပဧည့်သည်များ နားနေဆောင် ပြုပြင်မွမ်းမံလှူဒါန်းလွှဲအပ်ပွဲ ကျင်းပ

ပြည်တွင်း

03/07/19

Mitsubishi Corporation က ပြုပြင်မွမ်းမံလှူဒါန်းသော ရွှေတိဂုံစေတီတော် အနောက်ဖက်စောင်းတန်း ပြည်ပဧည့်သည်များ နားနေဆောင် လှူဒါန်းလွှဲအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါ နားနေဆောင်၌ ကျင်းပသည်။

e-ID စနစ်လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်တွင်း

03/07/19

မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်ဘိုးဘွား ၉ ထောင်ကျော်အား တစ်လလျှင်တစ်သောင်းကျပ် ထောက်ပံ့

ပြည်တွင်း

03/07/19

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်မှ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၉၃၀၇) ဦးအား ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ ဇွန်လအတွင်း ငွေကျပ် ၉၇ ဒသမ ဝ၇ သန်း ထောက်ပံ့ခဲ့ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောသည်။

မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် (၃၀)နှစ်ချမှတ်

မှုခင်း

03/07/19

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ စမ်းချောင်းရပ်ကွက်နေ မတင်တင်ခိုင်(ခ)မခိုင် (ဘ)ဦးညို၊ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ရွာနေမဌေးဌေး (ဘ) ဦးတင်မြင့်၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် နေကျော်မင်းဦး (ဘ) စိစစ်ဆဲနှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့နေ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ပြည်တွင်း

03/07/19

တည်ဆဲလယ်ယာမြေဆိုင်ရာ ဥပဒေများနှင့်အညီ တောင်သူလယ်သမားတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ အပြည့်အဝရရှိစေရေး၊ မြေယာများအသုံးပြုရာတွင် ရေးဆွဲချမှတ်ထားသည့် စီမံကိန်းရည်မှန်းချက်ပါအတိုင်း စနစ်တကျ ဖော်ထုတ်အသုံးချ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးကျော်မျိုး Radio Frequency Identification (RFID) စနစ် အကောင်အထည်ဖော်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ စာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားတက်ရောက်

ပြည်တွင်း

03/07/19

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် Moon Engineering Joint Venture Co., Ltd တို့၏ Radio Frequency Identification(RFID) စနစ် အကောင်အထည်ဖော်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ စာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

03/07/19

နေပြည်တော် ၃ ဇူလိုင်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အဖတ်များဆုံး သတင်း