Latest News

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

16/06/19

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၁)သို့ ရောက်ရှိပြီး တံတားကြီး ကြံ့ခိုင်မှု အခြေအနေနှင့် ...........

ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်တုံးထိမှန် သေဆုံး

မှုခင်း

16/06/19

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဇွန် ၁၅ ရက် နံနက်က ကျောက်မျက်တူးဖော်ရေးလုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူတစ်ဦး ကျောက်တုံးထိမှန် သေဆုံးခဲ့ကြောင်း ..........

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

မိုးလေဝသ

16/06/19

နေပြည်တော် ၁၆ ဇွန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲပိုင်းတွင်  ထုတ်ပြန်သည့်နေ့စဉ်မြစ်ရေ ခန့်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

MDN

ပေါင်မြို့နယ်တွင် ဟိုက်ဂျက်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ယာဉ်ပေါ်ပါသူ ၆ ဦးစလုံး ထိခိုက်ဒဏ်ရာများရရှိ

မှုခင်း

16/06/19

သထုံခရိုင် ပေါင်မြို့ မိုးနိုင်းရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဟိုက်ဂျက်မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူ ၆ ဦး နာကျင်ပွန်းပဲ့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးပိုလာနိုင်

မိုးလေဝသ

16/06/19

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ လွန်ခဲ့သော(၂၄)နာရီ အတွင်း က စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်း ဒေသကြီးတွင် နေရာကျဲကျဲ၊

အညာဒေသ၏အငွေ့အသက်များနှင့် ရသစုံခံစားနိုင်မည့် ပန်းချီ(မကွေး)ပြပွဲ  ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေးအရှေ့ဘက်တန်း၌ ၅ရက်ကြာပြသမည်

ပြည်တွင်း

16/06/19

ရန်ကုန်မြို့ ၊ ဗိုလ်ချုပ်ဈေးအရှေ့ဘက်တန်းရှိ ဗဟိုပန်းချီပန်းပု အစည်းအရုံးခန်းမ၌ မကွေးပန်းချီဆရာ(၁၆)ဦး၏ ပန်ချီကားလက်ရာတစ်ရာခန့်ကို ဇွန်လ ၁၉ရက်နေ့မှ ၂၃ရက်နေ့ထိ ၅ရက်ကြာ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ပြီး ပညာရပ်မျိုးစုံဖြင့်ရေးဆွဲထားသည့်ပန်းချီကားများ ၊ အညာအငွေ့အသက်လက်ရာများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအထိမ်းအမှတ် ကျပန်းစကားပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ပြည်တွင်း

16/06/19

၂၀၁၉/၂၀၂၀ပညာသင်နှစ် အခြေခံပညာအဆင့် (၁၂)ကြိမ်မြောက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအားယနေ့ နံနက်ပိုင်းက ကျန်စစ်သားရပ်ကွက်ဒလ-တွံတေးကားလမ်းမဘေးရှိ မြို့နယ်ပညာရေးမှူးရုံးတွင်ပြုလုပ်ခဲ့သည်။

နွေစပါးရိတ်သိမ်းမှုသရုပ်ပြပွဲနှင့် စပါးရိတ်ခြွေစက် စက်စွမ်းရည်ရှင်းလင်းပွဲကျင်းပ

ပြည်တွင်း

16/06/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် နွေစပါးရိတ်သိမ်းမှု သရုပ်ပြပွဲနှင့် စပါးရိတ်ခြွေစက် စက်စွမ်းရည် ရှင်းလင်းပွဲကို ညီမင်းစိုး မျိုးစေ့ထုတ်ခြံတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်၊ မြို့ပေါ်နှင့် ကျေးရွာများမှ စိတ်ပါဝင်စားသည့် တောင်သူများ တက်ရောက်ကြသည်။

လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ကုက္ကိုလ်ပင်အားဝင်တိုက်မိ ယာဉ်ပေါ်ပါသူ ၂ ဦးစလုံး အခင်းဖြစ်နေရာတွင်သေဆုံး

မှုခင်း

16/06/19

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဆားတလင်းလမ်းဆုံ မိုင်တိုင်အမှတ်(၂၄/၅)နှင့် (၂၄/၆) တွင် ဇွန် ၁၅ ရက် ညပိုင်းက လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ ကုက္ကိုပင်အား တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ ၂ ဦးစလုံး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒါးပိန်နယ်မြေရဲစခန်းမှ သိရသည်။