Latest News
နောက်ဆုံးရသတင်းများ
ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအထိမ်းအမှတ် ကျပန်းစကားပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
16/06/19
၂၀၁၉/၂၀၂၀ပညာသင်နှစ် အခြေခံပညာအဆင့် (၁၂)ကြိမ်မြောက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအားယနေ့ နံနက်ပိုင်းက ကျန်စစ်သားရပ်ကွက်ဒလ-တွံတေးကားလမ်းမဘေးရှိ မြို့နယ်ပညာရေးမှူးရုံးတွင်ပြုလုပ်ခဲ့သည်။
နွေစပါးရိတ်သိမ်းမှုသရုပ်ပြပွဲနှင့် စပါးရိတ်ခြွေစက် စက်စွမ်းရည်ရှင်းလင်းပွဲကျင်းပ
16/06/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် နွေစပါးရိတ်သိမ်းမှု သရုပ်ပြပွဲနှင့် စပါးရိတ်ခြွေစက် စက်စွမ်းရည် ရှင်းလင်းပွဲကို ညီမင်းစိုး မျိုးစေ့ထုတ်ခြံတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်၊ မြို့ပေါ်နှင့် ကျေးရွာများမှ စိတ်ပါဝင်စားသည့် တောင်သူများ တက်ရောက်ကြသည်။
လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ကုက္ကိုလ်ပင်အားဝင်တိုက်မိ ယာဉ်ပေါ်ပါသူ ၂ ဦးစလုံး အခင်းဖြစ်နေရာတွင်သေဆုံး
16/06/19
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဆားတလင်းလမ်းဆုံ မိုင်တိုင်အမှတ်(၂၄/၅)နှင့် (၂၄/၆) တွင် ဇွန် ၁၅ ရက် ညပိုင်းက လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ ကုက္ကိုပင်အား တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ ၂ ဦးစလုံး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒါးပိန်နယ်မြေရဲစခန်းမှ သိရသည်။
လှည်းကူးမြို့နယ်၌ တရားမဝင် သစ်ခွဲသားများတင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီးဖမ်းမိ
16/06/19
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ တရားမဝင် သစ်ခွဲသားများတင်ဆောင်လာသော (၆)ဘီးယာဉ် တစ်စီးကို ဇွန်(၁၄)ရက် ညနေ(၃) နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စဥ့်ကူးမြို့နယ်တွင် မော်တော်ယာဉ်မျိုးစုံ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းနှင့် နှစ်လဲမှတ်ပုံတင်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
16/06/19
စဉ့်ကူး ၁၆ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မော်တော်ယာဉ်မျိုးစုံ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းနှင့် နှစ်လဲမှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာ၊ မန္တလေးမြို့မှ တစ်နေ့တာလာရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်များနေ့ခြင်းပြီး ပြုလုပ်ဆောင်ရွက်ပေး
16/06/19
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်မြန်မာ့အာမခံ လုပ်ငန်းတို့ ပူးပေါင်း၍ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်ထိ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်များကို နေ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
16/06/19
တာချီလိတ် ၁၆ ဇွန်