Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
13/06/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆိုင်ကယ်ခိုးမှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးစစ်ဆေးရာမှ ခိုးရာပါ ဆိုင်ကယ်(၁၄)စီးအား သိမ်းဆည်းရရှိ
13/06/19
နေပြည်တော် ၁၃ ဇွန်
တရုတ်နိုင်ငံတွင် အလုပ်ရရှိမည်ဟုပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားနှင့် ပေါင်းသင်းရန် ပို့ဆောင်သူ(၂)ဦးအား အရေးယူ
13/06/19
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာရပ်ကွက်နေ မ×××× (၂၄)နှစ် သည် ဇွန် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းချခံရကြောင်း သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၁) တပ်ဖွဲ့ဝင်များမှ သက်သေများနှင့် အတူသွားရောက်စစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ဆက်ရုံးများကြည့်ရှုစစ်ဆေး
13/06/19
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့တွင် ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၈) ကို စီရင်ချက် (အမိန့်) ချမှတ်
13/06/19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးစိုးရယ်နှင့် ဦးထွန်းခင်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)သည် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အဖြစ်
မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
13/06/19
မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။
အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များအား အရေးယူ
13/06/19
ဇွန်လ ၁၁ ရက်နေ့ ည ၆ နာရီအချိန်မှ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် (၂)စီး ဖမ်းဆီးခဲ့ပြီး ၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့ထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောမော်တော်ယာဉ် (၅၈၁၆) စီးအား ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရသည်။
နွားထိုးကြီးမြို့နယ်၌ လက်ပစ်ဗုံး ၁ လုံးတွေ့ရှိ
13/06/19
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ခပ်လန်ကျေးရွာနေ ကျော်ခိုင်(၂၈)နှစ်သည် ဇွန် လ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက
ပခုက္ကူမြို့နယ်၌ ကလေးတစ်ဦး မီးခြစ်အား ဆော့ကစားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ကလေး (၁) ဦး သေဆုံး
13/06/19
မကွေးတိုင်းဒေကြီး၊ ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာ၌ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကလေးတစ်ဦးက မီးခြစ်အား ဆော့ကစားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကလေးတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။