Latest News
နောက်ဆုံးရသတင်းများ
ဒုတိယဝန်ကြီး ဦးဝင်းဖေ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)တို့မှ ဆောက်လုပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ
19/09/24
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရှမ်းပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ
19/09/24
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မွန်းလွဲပိုင်းရွှေဈေး
19/09/24
ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံး YGEA သတ်မှတ်ဈေးဖြင့်သာ အရောင်း/အဝယ်ပြုလုပ်ကြပါရ
ပြည်မြို့နယ်၌ လေဘေးသင့်နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်
19/09/24
ပြည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲပိကျ ထိခိုက်ပျက်စီးခဲ့သော ရွာဘဲရပ်ကွက်မှ နေအိမ်(၃)လုံးနှင့် အရှေ့ပေါက်တောကျေးရွာမှ နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေအပါအဝင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများအဖွဲ့က ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။