Latest News

နောက်ဆုံးရသတင်းများ

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်

မိုးလေဝသ

04/09/24

(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မော်လမြိုင်ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်တွင်း

04/09/24

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မော်လမြိုင်ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈) အခြေခံပညာအဌက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်သော ဧည့်သည်တော်အဖွဲ့ လာရောက်ဖူးမြော်

ပြည်တွင်း

04/09/24

မြန်မာ-တရုတ် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓဘာသာ ဝင်များအကြား ချစ်ကြည်ရင်းနှီးမှု ဖလှယ်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)၏ ဖိတ်ကြားစီစဉ်မှုအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်၍ ဗုဒ္ဓဘာသာဗျူရိုမှ အဖွဲ့ဝင်များပါဝင်သော ဧည့်သည်တော် အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ရာ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးတို့က ကြိုဆိုဂါရဝပြုနှုတ်ဆက်ကြသည်။

မီတာများ စနစ်တကျမှန်ကန်စွာ ဖတ်ရှုရေး၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ပြည်တွင်း

04/09/24

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများသို့ သွားရောက်၍ မီတာများ စနစ်တကျ မှန်ကန်စွာဖတ်ရှုရေး၊ ယူနစ်ဖတ်ချက်များ မှန်ကန်ကြောင်း မီးသုံးသူမှ အတည်ပြု လက်မှတ်ရေးထိုးရေးနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်

ပြည်တွင်း

04/09/24

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi ကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မီးတောင်ဟောင်း၏ သဘာဝတွင်းထွက်ကျောက်များနှင့် အပူပိုင်းဒေသတွင် အိုအေစစ်သဖွယ် တောတောင်အလှတို့ဖြင့် ခရီးသွားများကို ဆွဲဆောင်နေ

ပြည်တွင်း

04/09/24

မြန်မာနိုင်ငံ၏ အပူပိုင်းဒေသတွင် အိုအေစစ်သဖွယ် စိမ်းစိုလှပလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်အနီး၌ တည်ရှိသော ပုပ္ပားတောင်အမျိုးသားဥယျာဉ်တွင် နှစ်ပေါင်း ၃၂၀,၀၀၀ ခန့်က ခန့်ကမီးတောင်ဟောင်း၏ သဘာဝတွင်းထွက်ကျောက်များနှင့် အိုအေစစ်သဖွယ် တောတောင်စိမ့်စမ်း အလှတို့ဖြင့် ခရီးသွားများ အပန်းဖြေလည်ပတ်နိုင်ရန် ဆွဲဆောင်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲတက်ရောက်အားပေး

ပြည်တွင်း

04/09/24

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးသည်။

တံတားဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်း

ပြည်တွင်း

04/09/24

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် တံတားဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ (၈၂၉)ဧကကို စိုက်ပျိုးထားပြီး ချည်မျှင်ရှည်ဝါများကို ဒေသနှင့်ကိုက်ညီသော ဝါမျိုးများကို ရွေးချယ်စိုက်ပျိုးခဲ့ကြရာ ယခုအချိန်တွင် အပင်သက်တမ်း (၃)လသားကျော်အရွယ်သို့ ရောက်ရှိကာ အပွင့်များ၊ အဖူးများပွင့်ကာ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

အဖတ်များဆုံး သတင်း