Latest News
နောက်ဆုံးရသတင်းများ
စလင်းမြို့နယ်တွင် ရေကြီးမှုကြောင့် ယာယီပိတ်ခဲ့ရသည့် စာသင်ကျောင်း (၃၄)ကျောင်းမှ (၁၅)ကျောင်း ပြန်လည်ဖွင့်လှစ်
01/08/24
စလင်း သြဂုတ် ၁
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းများ မြစ်ရေ ဝင်ရောက်သဖြင့် စာသင်ကျောင်း(၃၄)ကျောင်းအား ယာယီပ်တ်ထားခဲ့ရာမှ စာသင်ကျောင်း (၁၅)ကျောင်းအား ယနေ့ သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ ဆက်လက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပညာပေးဟောပြော
01/08/24
စဉ့်ကိုင် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေလျက်ရှိ
01/08/24
ကျောက်ဆည် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများ အောင်မြင် ဖြစ်ထွန်းပြီး ရောင်းချရာတွင်ဈေးကောင်းရရှိသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကလောမြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုဖြစ်ပွား
01/08/24
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြက်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဩဂုတ် ၁ ရက် နံနက်ပိုင်းက ကလောချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အချို့တွင် ရေဝင်ရောက် လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ
01/08/24
သံတောင်ကြီး ဩဂုတ် ၁
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်း ရရှိခြင်းကြောင့် ကော်ဖီစိုက်ပျိုးသူ ပိုမိုများပြားလာကြောင်း သိရသည်။
ကျိုက်လတ်၌ လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
01/08/24
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လတွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လမ်းမတော်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
01/08/24
ရန်ကုန် ဩဂုတ် ၁
ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဟဲကြိုးပြင်ကာကွယ်တော သတ်မှတ်
01/08/24
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၇,၀၀၀)ဧကရှိသောနယ်မြေကို “မိုင်းဟဲကြိုးပြင် ကာကွယ်တော”အဖြစ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်) မှစ၍ သတ်မှတ်လိုက်သည်။