Latest News
နောက်ဆုံးရသတင်းများ
နိုင်ငံတော်အတွက် လက်ငင်း ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
31/07/24
နေပြည်တော် ဇူလိုင် ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်ငင်း ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာပုံစံများ(မူကြမ်း)တို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
31/07/24
နေပြည်တော် ဇူလိုင် ၃၁
ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
31/07/24
နေပြည်တော် ဇူလိုင် ၃၁
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း (ပထမအကြိမ်)အတွက် အွန်လိုင်းသင်တန်းဖွင့်ပွဲ ကျင်းပ
31/07/24
နေပြည်တော် ဇူလိုင် ၃၁
ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားနှင့် ပြည်ဝင်ခရီးသွား စစ်တမ်း (ပထမအကြိမ်)အတွက် အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ (ဒုတိယကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
31/07/24
နေပြည်တော် ဇူလိုင် ၃၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ (ဒုတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပသည်။
Naypyitaw State Academy သို့ သုံးဖက်မြင်သင်ကြားရေး Smart Boards များ လှူဒါန်း
31/07/24
နေပြည်တော် ဇူလိုင် ၃၁
Naypyitaw State Academy သို့ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (China Foundation for Rural Development- CFRD) က သုံးဖက်မြင် သင်ကြားရေး Smart Boards များ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ Academy ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးမြင့်စိုး ကတင်ကျေးရွာ မိုးကြိုဝါဆွတ်ခူးနေမှုနှင့် ဝါကြိတ်စက်များ ကြည့်ရှုစစ်ဆေး
31/07/24
နေပြည်တော် ဇူလိုင် ၃၁
ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဖွင့်လှစ်
31/07/24
နေပြည်တော် ဇူလိုင် ၃၁
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း
31/07/24
နေပြည်တော်ဇူလိုင် ၃၁
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ် သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်းဆင်း
31/07/24
ရန်ကုန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်း၌ အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။