Latest News
နောက်ဆုံးရသတင်းများ
ချင်းပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
24/07/24
ချင်းပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ရေကြည်မြို့နယ်၌ မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၃၆ ကျောင်း ယာယီပိတ်
24/07/24
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်၍ မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ ယနေ့အထိ စာသင်ကျောင်း ၃၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တောင်ငူခရိုင်၌ မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS)သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ ရှင်းလင်းဆွေးနွေး
24/07/24
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တောင်ငူခရိုင်ရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS)သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ တင်ပြသည့်အခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်
24/07/24
(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၈)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၈) သင်တန်းဆင်းပွဲကျင်းပ
24/07/24
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၈)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၈)တို့၏ သင်တန်းဆင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးကျော်စိုးအား အလေးပြုကြပါသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
24/07/24
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်နှင့် တိုင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် အမှတ်(၂၈)ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ နေအိမ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် မြို့ရှောင်လမ်းမှ ပျော်ကုန်း - အုတ်ဖိုလမ်းအား ကတ္တရာခင်း
24/07/24
မိတ္ထီလာ၊ ဇူလိုင် ၂၄
မွန်းလွဲပိုင်းရွှေဈေး
24/07/24
ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံး YGEA သတ်မှတ်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြပါရ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကံမမြို့နယ် ရေဘေးသင့်ပြည်သူများအား ဆန်များထောက်ပံ့
24/07/24
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်များကို ကံမမြို့နယ်မှ ရေဘေးသင့်ပြည်သူများသို့ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။