Latest News

နောက်ဆုံးရသတင်းများ

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ တေဟုန်ပြည်နယ်ခွဲသို့ သွားရောက်ပြီး ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးမှုလုပ်ငန်းများ ဆောင်ရွက်

ပြည်တွင်း

03/06/24

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တေဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲအစိုးရအဖွဲ့မှ ဖိတ်ကြားချက်အရ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ စီစဉ်မှုဖြင့် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဌ မူဆယ်ခရိုင်တာဝန်ခံ ဦးခင်ဦး(ခ) ဦးရှင်ဖူး ဦးဆောင်သော အဖွဲ့ဝင် ၂၂ ဦးသည် မေ ၂၉ ရက်က မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် မန်စီမြို့သို့ ထွက်ခွာခဲ့သည်။

​ရွှေဘိုမြို့၌ ကျောင်းသားကျောင်းသူများ ​အေးချမ်း​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေး ကြည့်ရှု့စစ်​ဆေး

ပြည်တွင်း

03/06/24

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အဖြစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့ရာ ၊ကျောင်းသား ကျောင်းသူများ အေးချမ်း​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေး​အတွက် ဇွန် ၃ ရက် နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာ​ရေးမှူးနှင့် ဝန်ထမ်းများက အ​ခြေခံပညာ​​ကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်​ဆေး​ပြီး လိုအပ်သည်များ ​ပေါင်းစပ်ညှိနှိုင်း​ပေးကာ အား​ပေးစကား​ပြောကြားခဲ့သည်။

ဆီဆိုင်မြို့နယ်၌ ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများအား နိုင်ငံတော်မှ တစ်လစာ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့

ပြည်တွင်း

03/06/24

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သို့ ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှကော်မတီမှ  ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခြင်းကို ဇွန် ၂ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ဝန်ထမ်းများနှင့် ၎င်းတို့၏ သားသမီးများအား ပညာသင်စရိတ်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်

ပြည်တွင်း

03/06/24

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများနှင့် ၎င်းတို့၏ သားသမီးများအား ပညာသင်စရိတ်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂ ရက်က ပြည်နယ်ခန်းမ၍ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချူပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများ စတင်ဖွင့်လှစ်

ပြည်တွင်း

03/06/24

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက် သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

အဖတ်များဆုံး သတင်း