Latest News
နောက်ဆုံးရသတင်းများ
လာမည့် မေလတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် သတိပြုရန် လိုအပ်
01/05/24
ရန်ကုန် မေ ၁
လာမည့် မေလတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် သတိပြုရန် လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဦးလှထွန်းက ပြောသည်။
ပြည်ပတွင် အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြား
01/05/24
နေပြည်တော် မေ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျောက်တံတားမြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဌာနပိုင်ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုကြည့်ရှုစစ်ဆေး
01/05/24
နေပြည်တော် မေ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်ဝင်/ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာ ဌာနခွဲရုံးခန်းသို့ ရောက်ရှိစစ်ဆေးသည်။