Latest News
နောက်ဆုံးရသတင်းများ
ရွှေပြည်သာမြို့နယ်၌မီးဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်
01/05/24
ရွှေပြည်သာ မတ် ၁
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူ
01/05/24
၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မွန်ပြည်နယ် မုဒုံမြို့ နယ်မြေမီးသတ်စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာ စိုက်ထူခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဉီးစီးဌာနမှမြို့နယ်ဉီးစီးမှူး ဉီးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်ပိုစတာအား စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ဒေးဒရဲမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
01/05/24
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များက ပြည်သူများအား အယ်လ်နီညိုအပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မြို့မစျေး၊ အေဝမ်းစျေးနှင့် ရုံးကြီးကွက်သစ် (၆)လမ်းစျေးတို့တွင် စျေးရောင်း၊ စျေးဝယ် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ အလုပ်သမားနေ့အခမ်းအနားတွင် MSMEsထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပ
01/05/24
၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(May Day)အခမ်းအနားတွင် MSMEsထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို မေ(၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
တာချီလိတ်မြို့၌ အလုပ်သမားနေ့ အခမ်းအနားကျင်းပ
01/05/24
၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပ ပြုလုပ်သည်။
ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကျင်းပ
01/05/24
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။