Latest News
နောက်ဆုံးရသတင်းများ
လျှပ်စစ်ကျွမ်းကျင်(၄)ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁ /၂၀၂၄) ဖွင့်လှစ်
19/02/24
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ကော်မရှင်ရုံးဝန်ထမ်းများအတွက် အခြေခံရုံးလုပ်ငန်း သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်
19/02/24
နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ၂၀၂၄ ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ ဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
19/02/24
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
19/02/24
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Uladzimir Baravikou အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်ရုံနှင့် အလုပ်သမားဉပဒေ စစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
19/02/24
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဉပဒေ စစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား လက်ခံတွေ့ဆုံ
19/02/24
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေေ့ဆုံသည်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃ ) တည်ဆောက်ရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှုစစ်ဆေး
19/02/24
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များ သန့်ရှင်းသာယာလှပရေး မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့ ကြည့်ရှုစစ်ဆေး
19/02/24
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အရှေ့ ကြို့ကုန်းရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ရှေ့၌ ဝန်ထမ်းများက သန့်ရှင်းသာယာလှပစေရေး မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး သစ်ရွက်ကြွေ အမှိုက်များ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မြိတ်ကျွန်းစုရှိ သယောကြီးကျွန်းအား ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်
19/02/24
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၂၆၉ ဧက ရှိသောနယ်မြေကို “သယောကြီးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့် ကြော်ငြာစာအမှတ်(၁၅/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026