Latest News
နောက်ဆုံးရသတင်းများ
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၄) ကျင်းပ
19/02/24
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
19/02/24
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
19/02/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
တရားမ အထူးအယူခံမှု ၉ မှု စီရင်ချက်ချမှတ်ပြီး တရားမ အထူးအယူခံမှု ၆ မှု ရုံးထိုင်ကြားနာ
19/02/24
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုနှင့် ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/ ၂၀၂၂ (ဧရာဝတီ)၊ ၁၇/ ၂၀၂၃ (တနင်္သာရီ)၊ ၁၉/ ၂၀၂၃ (ဧရာဝတီ)၊ ၂၃/၂၀၂၃ (ရန်ကုန်)၊ ၃၉/ ၂၀၂၃ (ရန်ကုန်)၊ ၄၇/၂၀၂၂ (မကွေး)၊ ၁၀/ ၂၀၂၃ (တနင်္သာရီ)၊ ၂၅/ ၂၀၂၃ (ကချင်)၊ ၂၆/ ၂၀၂၃ (မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု ၉ မှု တို့ကို စီရင်ချက်ချမှတ်သည်။
နေပြည်တော်၌ အသက် ၅၀ နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် စတင်ဆောင်ရွက်
19/02/24
နေပြည်တော်ရှိ အသက် ၅၀ နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် စတင်ဆောင်ရွက်ခြင်းကို ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာပြည့်လင်းလင်းဇော် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
19/02/24
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာများဖြင့် ကျင်းပလျက်ရှိသည်။
တပ်ကုန်းမြို့၌ ကုန်တင်ရထား တွဲဆိုင်းများ လမ်းချော်
19/02/24
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက် ည ၇ နာရီခွဲခန့်က တပ်ကုန်းဘူတာ၏ မြောက်ဘက်မှ တစ်ဖာလုံခန့်အကွာ မိုင်တိုင်အမှတ် ၂၅၃/၁၃နှင့် ၂၅၃/ ၁၅ အကြား၌ ရန်ကုန်မြို့မှ ထွက်ခွာလာသည့် တွဲဆိုင်း ၃၅ တွဲပါသော ကုန်တင်ရထား ရထားတွဲဆိုင်းများ လမ်းချော်မှုဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၌ ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိ
19/02/24
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
19/02/24
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladizimir Baravikou ဦးဆောင်သောအဖွဲ့အား ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေေ့ဆုံသည်။
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ ဝါသနာရှင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
19/02/24
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင် အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026