Latest News

Latest News

ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ် ၁၇ လုံး အချိန်မီပြောင်းရွှေ့ခဲ့ရ

ပြည်တွင်း

27/05/22

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက် ငဝန်မြစ်ကမ်းပါးဘေး ပိုက်သောင်ကူးတို့ဆိပ်အနီး၌ မေ ၂၇ ရက် နံနက်ပိုင်းက ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်သည့် နေအိမ် ၁၇ လုံးအား အချိန်မီ ဖြိုဖျက်ပြောင်းရွှေ့ ပေးခဲ့ရကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်ရှိ လုပ်ငန်းများ ဆောင်ရွက်နေမှု  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ကွင်းဆင်းစစ်ဆေး

ပြည်တွင်း

27/05/22

နေပြည်တော်၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၆ ရက် ညနေပိုင်းက ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်ရှိ PPEC Construction CO., LTD တွင် ကျင်းခဲ့သည်။

ဒေးဒရဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပညာရေး

27/05/22

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံ ပညာအထက်ကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများ အခမဲ့ထောက်ပံ့ပေးအပ်

ပြည်တွင်း

27/05/22

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာများ အခမဲ့ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

မိုးလေဝသ

27/05/22

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေအားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်း တို့တွင် မုတ်သုံလေအားအသင့် အတင့်ရှိနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနေသည်။